Blogger Widgets

Wednesday, April 17, 2013

Dual Windows သမားများအတွက် EasyBCD

EasyBCD
 တခါတရံ လိုအပ်ချက်တစ်ခုခုကြောင့် ကျွန်တော်တို့စက်မှာ Windows နှစ်ခုအသုံးပြုတတ်ကြပါတယ်။
XP နဲ့ 7 ၊ 7 နဲ့ 8 စသဖြင့် တွဲသုံးကြတာပါ။ အဲလိုသုံးဖို့ ပုံမှန်အားဖြင့်ဆိုရင်တော့ Version အနိမ့်ကို အရင်
Install လုပ်ကြရပါတယ်။ ဥပမာ- XP နဲ့ 7 တွဲသုံးမယ်ဆိုရင် XP ကိုအရင်တင်၊ 7 နဲ့ 8 တွဲသုံးမယ်ဆို 7 ကိုအရင်တင်ပေးရပါတယ်။

 ဘာကြောင့်ဆို Version အနိမ့် ကိုနောက်မှ တင်တဲ့အခါ သူက သူ့ထက် Version မြင့်တဲ့ Windows ကိုမသိပါဘူး။ အဲဒီအခါ ဘာဖြစ်သလဲဆိုတော့ Boot တက်တဲ့အခါ Boot Menu မှာ နောက်မှတင်တဲ့
Windows Version အနိမ့်သာ ပေါ်ပြီး အမြင့် Version ကတော့ပေါ်မှာမဟုတ်ပါဘူး။
အမြင့်ကို နောက်မှတင်မှ အရင်တင်ထားတဲ့ အနိမ့် Version ကို သိပြီး Boot Menu မှာ Windows နှစ်ခုလုံးပေါ်လို့
ကြိုက်ရာ Windows ကိုရွေးချယ်ဝင်ရောက်လို့ရမှာဖြစ်ပါတယ်။
Windows နှစ်ခုတင်လို့တော့အဆင်ပြေပါပြီ၊ သုံးလို့လဲ ရသွားပါပြီ။ ဒါပေမယ့် Dual Windows သမားတွေအတွက်
သတိပြုစရာ Error နှစ်ခုရှိနေပါတယ်။

Error-1
အခြေအနေ တစ်ခုခုကြောင့် Version အနိမ့်က Error တက်ပြီး သုံးလို့မရတော့လို့ ပြန်တင်တဲ့ အခါ ပြဿနာစပါပြီ။
ကိုယ်က ပျက်သွားတဲ့ Windows Version အနိမ့်ကို ပြန်တင်လိုက်ရင် Boot Menu မှာ အသစ်ပြန်တင်တဲ့ အနိမ့် Windows သာပေါ်ပြီး အရင်ရှိနှင့်နေပြီးသား Version အမြင့် ကိုတွေ့ရမှာမဟုတ်လို့ ဝင်လို့ရမှာမဟုတ်တော့ပါဘူး။ ဒီလိုဆိုရင် Windows နှစ်ခုလုံးပြန်ဝင်လို့ရအောင် Boot MBR ကို Repair ပြန်လုပ်ပေးရတော့မှာပါ။ ဒါကလည်း သာမန် User တွေအနေနဲ့ ခက်ခဲရှုတ်ထွေးလှသလို အခန့်မသင့်ရင် တစ်ခုမှ ပြန်ဝင်လို့မရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။
အဲဒီလိုဆို နဂိုအတိုင်း Dual Windows ပြန်ရချင်ရင် အစဦးတုန်းကလို ရှိနေတဲ့ Windows အမြင့် ကိုလည်းပြန်ဖြုတ်ချ ပြီးတော့မှ အနိမ့်အရင်ပြန်တင် နောက် အမြင့်ကို ဆက်တင်၊ အဲလိုလုပ်မှပဲရတော့မှာလား....ဒါက ပြဿနာ(၁)ပါ။

Error-2
ဒုတိယ ပြဿနာက Dual တင်ထားပြီးမှ Windows တစ်ခုတည်းပြန်ထားချင်လို့ တစ်ခုကိုပြန် ဖြုတ်ချချင်တဲ့အခါမှာ
တွေ့ပါမယ်။ ဖြုတ်ချတာပဲ လွယ်လွယ်လေးပါ..ဆိုပြီး လိုချင်တဲ့ Windows နဲ့ Boot တက်ပြီး မလိုချင်တော့တဲ့ Windows
ကို Format ရိုက်ချ လိုက်မှာပေါ့။ ဟုတ်ကဲ့ ..ရပါတယ်၊ လွယ်ပါတယ်။ ဒါပေမယ်မလွယ်တာက Boot Menu မှာ လက်ရှိWindows ကော၊ မရှိတော့တဲ့ Windows ကော နှစ်မျိုးပေါ်နေမြဲပေါ်နေပြီး တစ်ခုတည်းကျန်အောင်လုပ်ရတာပါ။
ဒီနေရာမှာလည်း ကျွမ်းကျင်သူတွေ အတွက်ကတော့ Boot MBR ကို ပြန်ပြီး Repair လုပ်နိုင်ကြပေမယ့် သာမန် Userတွေအတွက် တော့ အစကနေပဲ ပြန်တင်ရတော့မလို လိုပါ။ဒါက ပြဿနာ(၂)ပါ။

အထက်ပါ အခက်အခဲ နှစ်ခုကို ဟိုအရင်တချိန်က ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့တာပါ။ XP အရင်တင်ထားပြီး 7 ထပ်တင်တော့ OK ပါရဲ့။ တစ်ရက်တော့ ကလိလွန်သွားပြီး XP ပျက်သွားလို့  ပြန်လည်းတင်လိုက်ရော ကျန်တဲ့ 7 ကိုပြန်ဝင်လို့မရတော့ ..။ နောက်ပြီး XP နဲ့ 7 တွဲ တင်ထားပြီး ခါမှ 7 နဲ့ သိပ်အဆင်မပြေလို့ ပြန်ဖြုတ်ချတော့ Error-2 လို Boot Menu မှာ နှစ်ခုပေါ်တာ ကို မဖျောက်တတ်တော့ပြန်ဘူး။
အဲဒါကို အလွယ်ဆုံးဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာတော့ ကိုကို Google အကူအညီနဲ့ Easy BCD ဆိုတဲ့ Free Software လေးကို သွားတွေ့ တာပါပဲ။
သူ့ကို အလုပ်လုပ်ဖို့ အနိမ့်ဆုံး .Net 2.0 လောက်သွင်ထားပေးဖို့လိုပါတယ်။ သူကအထက်မှာဖော်ပြပေးခဲ့တဲ့ အခက်အခဲတွေကို လွယ်လွယ်လေးရှင်းနိုင်ပါတယ်။

ကိုယ်က Windows Version အမြင့် ကိုတင်ပြီးမှ အနိမ့်ကိုထပ်တင်ချင်ရင်တင်လိုက်ပါ။ ထုံးစံ အတိုင်း အမြင့်ကို ဝင်လို့မရတော့ရင် သူကို Run လိုက်ပါ။
OverView မှာ လက်ရှိ Boot Menu မှာရှိ နေတဲ့ Windows တွေကိုဖော်ပြပေးပါလိမ့်မယ်။
ကိုယ်က Boot Menu မှာ ပျောက်နေတဲ့ Windows ပါပေါ်ချင်တာကြောင့် Toolbox က Add New Entry ကိုရွေး ညာဘက်က Operating Systems က Windows ဆီသွား။ Type ရဲ့ Dropdown လေးကိုဆွဲချပြီး ကိုယ်ပြန်ဖော်ချင်တဲ့အမျိုးအစားကိုရွေး၊ Name မှာ ပြန်ဖော်မယ့် Windows ရဲ့ နာမည် ကိုရေးပေးပါ။ ဥပမာ - XP ဆိုရင် Windows XP ၊7 ဆိုရင် Windows 7 ပေါ့။ အခြားကြိုက်ရာလဲရေးပေးလို့ရပါတယ်။ ပြီးရင် Add Entry ကိုနှိပ်ပေးပါ။


နောက်ပြီး Boot Menu MBR ကိုပြန်ပြီး Backup လုပ်နိုင်ဖို့ BCD Deplyment ကိုရွေး Create Bootable External Media ကိုသွားပြီး  Partition နေရာမှာ သိမ်းချင်တဲ့ Device ကိုရွေး ( External HDD တို့ ၊ USB Device တို့လည်းရွေးချင်လည်းရပါတယ်) Install BCD ကိုနှိပ်ပေးလိုက်ပြီး Restart ချပေးလိုက်ပါ။
 ပြန်တက်လာရင် Boot Menu မှာ စောစောက Createလုပ်ထားတဲ့ ပျောက်နေတဲ့ Windows ပြန်ရွေးဖို့ပေါ်နေပါလိမ့်မယ်။ အဲဒီအခါ ရွေးပြီးဝင်သွားလိုက်ပေါ့။ တကယ့်လွယ်လွယ်
လေးပါ။

နောက်တစ်ခု... Dual Windows ကနေ  တစ်ခုတည်းပြောင်းချင်ရင် အရင်ဆုံး ကိုယ်ထားချင်တဲ့ Windows မှာသူ့ကို Install လုပ်ပြီး Run လိုက်ပါ။
Edit Boot Menu >>> Modify Menu Entries မှာ ကိုယ်မလိုတဲ့ကောင်ကို Selete လုပ်ပြီး Delete ကိုနှိပ်၊
တစ်ခုတည်းရှိတော့တာကြောင့် Time Out Options မှာ Skip the Boot menu ကိုရွေးပြီး Save Setting ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင် ထုံးစံအတိုင်း Restart ချ၊ ပြန်တက်လာရင် Boot Menu ရွေးစရာမလိုတော့ပဲ ကိုယ်လိုချင်တဲ့ Windows ကိုတိုက်ရိုက်ရောက်သွားပါလိမ့်မယ်။ အဲဒီတော့ မှ ကိုယ်မလိုချင်တော့တဲ့ Windows ရှိတဲ့ Pertition ကို Format ရိုက်ပေးလိုက်ရင်အဆင်ပြေသွားပါပြီ။

အဲဒါတွေအပြင် Edit Boot Menu မှာ Boot Menu မှာနာမည်တွေပြောင်းချင်ရင် ပြောင်းချင်တာကို Selet မှတ် Rename ကိုနှိပ်။ ရွေးဖို့ ကြာချိန် ကို Count down from မှာ လိုသလောက် စက္ကန့် ချိန် ပေးလို့ရပါတယ်။ 
Windows နဲ့ အခြား OS (Linux, Mac) တို့တွဲသုံးလို့ Boot Menu မှာထပ်ထည့်ချင်ရင် Add New Entry >>> Operation Systems မှာ သွားပြင်ပေးလို့ရပါတယ်။
နောက်ထပ် Safe mode တို့ Command တို့နဲ့ Boot တက်ချင်ရင်လည်း Advanced Settings >> Change Settings >> Advanced မှာသွားပြင်ပေးလို့ရပါတယ်။


ကိုယ်ချိန်ထားတဲ့ Boot Menu Setting ကို Backup လုပ်ချင်ရင် BCD Backup/Repair >>> Backup and Restore Bootloder Settings >> Backup အတွက်နေရာရွေး ပြီး Backup Setting ကိုနှိပ်ပေးပါ။
Restore လုပ်ချင်ရင်  BCD Backup/Repair >>> Backup and Restore Bootloder Settings >> သိမ်းထားတဲ့ BCD file ကိုရွေး Restore Backup ကိုနှိပ်ပေးလိုက်ပါ။
ဒါအပြင် Advanced User တွေအတွက် အလွန်အသုံးဝင်တဲ့ Useful Utilities လဲပါဝင်ပါသေးတယ်။
ကဲဒီလောက်ဆို ဒီကောင်လေးက ဘယ်လောက်အသုံးဝင်လည်းဆိုတာသိနိုင်ပါတယ်။
သူရဲ့ File size က 1.5 Mb ကျော်ကျော်လေးသာရှိတာကြောင့်လည်း တကယ်ကို ဆောင်ထားသင့်တဲ့ Software လေးဖြစ်ပါကြောင်း.....။

(သူက XP, 7, 8 x32bit x64bit အားလုံးကို support လုပ်ပါတယ်။ .Net 2.0
                                             အနိမ့်ဆုံးရှိဖို့သာလိုအပ်ပါတယ်)


Download Here !!

No comments:

Post a Comment

Related Posts

Related Posts Plugin for WordPress, Blogger...