Blogger Widgets
Thursday, April 18, 2013
Network စာအုပ်
လေ့လာနေသူများ သုံးဖို့  Window Sever 2008 Myanmar Ebook
Download- Window Sever 2008 Myanmar Ebook ( U Zaw Lin)
ဝက်ဆိုဒ်ဒီဇိုင်နာလုပ်ချင်သူများနဲ့ ဆော့ဝဲရေးဆွဲတတ်ချင်သူအတွက်စာအုပ်
ဒီစာအုပ်လေးက အထက်တန်းကျောင်းသား ၉တန်း ဆယ်တန်း သမားအဆင့်အထိ
အခြေခံကျကျ အသေးစိတ်ရေးထားတာမို့ ပရိုဂရမ်ဆွဲတာ ၀ါသနာပါသူများအတွက်
အလွန်အဆင်ပြေစေမယ့်စာအုပ်ပါ ။ သဘောတရားတွေ ရေးဆွဲနည်းနဲ့  ကုဒ်တွေရဲ့
ရည်ညွှန်းချက် တွေကို သဘောပေါက်အောင်  လေ့လာသင့်တယ် ။ အခြေခံကစပီး
အားလုံးအတွက် အသုံးဝင်တဲ့ ဆော့ဝဲတွေ ၊ ၀က်ဆိုဒ်ဒီဇိုင်းတွေ  ရေးဆွဲနိုင်ကြစေဖို့ 
ထပ်ဆင့်မျှဝေလိုက်ပါတယ် ဆော့ဝဲရေးနည်းစာအုပ် အရင်ယူဖတ် ရေးနည်းလေ့လာ
မကြာခင် ဆော့ဝဲရေးတဲ့ C+ တင်ပေးပါ့မယ် ။ အမှန်ဆိုရင် ပရိုဂမ်ရေးဆွဲနည်းတွေနဲ့ 
ဝက်ဆိုဒ် ဒီဇိုင်း ကိုယ်ပိုင်ဆွဲဖို့  HTML အပိုင်းကို  အခြေခံကျကျ  လေ့လာလို့ ရပါပြီ
အခြေခံပညာသင်များ လေ့လာမယ်ဆို အောက်ကလင့်မှာ ယူဖတ်လိုက်ပါ..........။
Download - ပရိုဂမ်ရေးဆွဲနည်း နဲ့ ဝက်ဆိုဒ်ဒီဇိုင်းရေဆွဲနည်
Networking စတင်လေ့လာသူများအတွက် အခြေခံကျကျသိနိုင်ဖို့ စာအုပ်
Download- Networking Myanmar Ebook
File Share-Printer Share နဲ့  Network ပိုင်းကို သေချာလေ့လာဖို့ နည်းများ
Download - Networ Essencial Myanmar Ebook
Website Design ရေးဆွဲရန် လေ့လာနေသော သူများအတွက် ရေးဆွဲနည်း
Dwonload - Website Design ရေးဆွဲနည်းစာအုပ်
Photoshop သုံးပြီး Website ဒီဇိုင်းရေးဆွဲတတ်ချင်သူတို့ အတွက် နည်းလမ်းများ
Download - Photoshop @ Web Design Myanmar Ebook
Web Developer ,Web Designer ၀ါသနာရှင်တွေအတွက် PHP စာအုပ်
PHP ဆိုတာ  Dynamic Web Pages မှာ  အသုံးပြုဖို့ အတွက် ပေါ်ပေါက်လာတဲ့
Scripting Language ဖြစ်ပါတယ် ။ Web Developer ,Web Designer ၀ါသနာရှင်
လူငယ်များ လေ့လာဖို့ ကောင်းတဲ့ Programming  မြန်မာ စာအုပ်တစ်အုပ်ပါ ။
Download = > http://i.minus.com//MM_PHP_
Download = >www.zippyshar.com/ MM_PHP
Networking ၀ါသနာပါသူအတွက် ကွန်ပျုတာအချင်းချင်း ချိတ်ဆက်နည်း
Download From Mediafire - Network Data Communication
Download From Minus - Network Data Communication 
အားလုံးအတွက် သိထားသင့်တဲ့ Youtube အသုံးပြုနည်း မြန်မာစာအုပ်
ဒီလင့်မှာ Download ယူပါ - Youtube အသုံးပြုနည်း အသေးစိတ် ( Mediafire)
ဒီလင့်မှာ Download ယူပါ - Youtube အသုံးပြုနည်း အသေးစိတ် ( Minus )
စိတ်ဝင်စားသူများ စမ်းသပ် အသုံးပြုကြစေဖို့  Twitter အသုံးပြုနည်းစာအုပ်
အင်တာနက် အသုံးပြုသူတွေနဲ့  သုတေသနပညာရှင်တွေရဲ့ လေ့လာချက်များအရ
Twitter ဟာ စီးပွားရေးဈေးကွက်အတွက် မဟာဗျူဟာ  ချမှတ်ဆက်သွယ်နိုင်စေဖို့ 
ကောင်းပီး ၊ Facebook ကတော့ ပုဂ္ဂလိကဆိုင်ရာ သတင်းအချက်လက်  ဖလယ်ဖို့ 
ကောင်းမွန်တဲ့  Social Website တွေဖြစ်ပါတယ် ။ မြန်မာ့အင်တာနက်  စနစ်မှာက
ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ တေလာဆွစ် ဂျနီဖာ နဲ့ မင်းသားမင်းသမီးတွေ
လီယိုနာဒို ၊ကိတ်ဝင်းစလက် ကစပီး အိုဘားမားအထိ အသုံးပြုနေကြတဲ့  ဆိုဒ်ပါပဲ
သုံးချင်တဲ့သူများ စိတ်ဝင်စားသူများ စမ်းသပ် အသုံးပြုကြစေဖို့  အသုံးပြုနည်းပါ.။
ဒီလင့်မှာ Download ယူပါ - Twitter အသုံးပြုနည်း ( Mediafire )
ဒီလင့်မှာ Download ယူပါ - Twitter အသုံးပြုနည်း ( Zippshare )
ဒီလင့်မှာ Download ယူပါ - Twitter အသုံးပြုနည်း ( Minus 
ရုံးတွေ အဖွဲ့ စည်းတွေမှာ ချိတ်ဆက်ထားတဲ့ Networking ချိတ်ဆက်နည်း
ဒီစာအုပ်လေးကတော့ ရုံးတွေမှာ  ကွန်ပျုတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီးသုံးဖို့ 
အသေးစိတ်ရေးထားတဲ့  ချိတ်ဆက်နည်း  သဘောတရားတွေပါ ။ ရုံးတွေမှာလုပ်ရင်
ဒါတွေကို အကုန်နားမလည်ရင်နေ  အခြေခံတော့ သိထားမှဖြစ်မယ် ။ ဘာလို့ လဲဆို
Network Share စနစ်ကို ရုံးတိုင်းမှာ အသုံးပြုနေသောကြောင့် ဖြစ်တယ် ။ ကျနော့်ရုံး
ဒီစနစ်သုံးတယ် ။ Computer 4 လုံး Printer တစ်လုံးထဲ က  မျှဝေသုံးစွဲတဲ့စနစ်မျိုးပေါ့
အဲ့မှာ အနည်းငယ် နားလည်ထားသင့်တာက  Manager ရဲ့ ကွန်ပျုတာကို ချိတ်တယ်
ကျန်သုံးလုံးက Share စနစ်နဲ့ သုံးတယ် ။ ဒါဆို  Net work သဘောတရားအရကြည့်
မန်နေဂျာစက်က Main Sever ဖြစ်ပီး   ကျနော်တို့ စက်တွေက  Client ကွန်ပျုတာပါ
မိန်းကွန်ပျုတာ ပိတ်တာနဲ့    ကျနော်တို့  Printer ကို   သုံးလို့ မရတော့ဘူး  ပြဿနာ
ဖြစ်ဖူးတယ် ။ ညနေ၅နာရီ  မန်နေဂျာပြန်တယ်  ကျန်တဲ့သူ    အချိန်ပိုဆင်းတယ်ဆို
မန်နေဂျာက သူ့ ကွန်ပျုတာ ပိတ်ခဲ့တယ် ။ အဲ့ဆို ကျန်တဲ့ကွန်ပျုတာတွေက သုံးမရ
တော့ဘူး ။ အခြေခံ ပညာကို ကြုံခဲ့သလောက် ပြောပြတာပါ ။စာရင်းတွေဆိုရင်လဲ
ကျနော်တို့ ရုံးတွေ တခြားသူတွေလည်း အားလုံး အတူတူပဲ Share စနစ်ထားတယ်
တစ်ခုနဲ့ တစ်ခု ဌာနတွေအကုန်   ချိတ်ဆက်ရတာပါ ။ ကိုယ်လုပ်နေတဲ့  စာရင်းကို
တခြားဌာနက ယူကြည့်လို့ ရတယ် ဒါဟာ ရုံးတိုင်း အဖွဲ့ တိုင်း ဒီစနစ်ကိုကို သုံးတယ်
ဘယ်လို Network ပဲဆိုဆို  စောစောက  ပြောသလို  အဓိကအားဖြင့် 2မျိုးပဲရှိတယ်
ပထမတစ်မျိုး  မိမိကွန်ပျုတာထဲမှာ  ရှိတဲ့ ဖိုင်တွေ   စာရင်းတွေကို  ပေးသုံးစေမယ့်
Sever ကွန်ပျုတာ ၊ နောက်တစ်မျိုးက   စာရင်းတွေ နဲ့ ဖိုင်တွေကို Share ယူသုံးမယ့်
Client Computer ပါ ။ နမူနာဆို  တစ်ခုပြောရရင် ကျနော့ရုံးခန်းက  ဖိုင်တွေကိုပေါ့
တခြား အလုပ်ခြင်းဆက်စပ်တဲ့  ဌာနတွေကို  Share ခွဲသုံးတယ် ။  ကျနော့ဆီကနေ
စာရင်းတွေ  အချက်လက်တွေ  ယူယူကြည့်ရတယ် ။ ဒါဆို    ဒီကွန်ပျုတာက  Main
သူတို့ ကို Share ရင် Data Read Only ပဲ   ပေးထားပြီး  စာရင်းတွေကို Sever  ကပဲ
ပြင်လို့ ရမယ် သွင်းလို့ ရမယ် မနက်ကျနော် နောက်ကျတယ် Main က မဖွင့်သေးရင်
တခြား စက်တွေ ဘာမှလုပ်မရဘူး ။ အင်တာနက်  ချိတ်ဆက်စနစ်မှာလည်း ဒီလိုပဲ
သဘောတရား တစ်ခုနဲ့ တစ်ခု အတူတူပါပဲ ။ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ရာထူးကြီးတာ လခကောင်းတာ အများကြီး သို့ သော် မလေ့လာတဲ့သူက သိကိုမသိ
ကွန်ပျုတာ  တစ်ခုခုဖြစ်ရင် လုံးဝမသိတော့ဘူး  Network ပိုင်းဆိုပိုဆိုးပါသေးတယ်
အထူးဆန်းဆုံးပြောရရင်    မြန်မာစာပျောက်တာတောင်   မလုပ်တတ်ကြသေးဘူး
ဆိုလိုချင်တာကတော့ ပညာဟာသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ တတ်သင့်တာ
သိသင့်တာဆို ၀ါသနာမပါသော်လည်း လေ့လာရမှာ  သင်ယူရမှာ လို့ ပြောချင်တာ
ပညာခေတ်မှာ  ဘယ်နေရာမှာလုပ်လုပ်  ပညာတတ်သူက   တစ်ပန်းသာလိမ့်မယ်
အဲ့တော့ ရုံးမှာ လုပ်သူတွေ လုပ်မယ့်သူတွေ ဒီစာအုပ်ကိုလေ့လာကြည့် အကုန်မသိ
ရသေးတယ် သဘောတရား ပေါက်သွားရင်  အဆင်ပြေပီ။ကိုယ်တိုင်မပြင်တတ်လဲ
ဘယ်က ဖြစ်တယ် ဘာပြဿနာလောက်တော့ သိလာပါလိမ့်မယ် ဖတ်ကြည့်လိုက်
ဒီလင့်မှာယူပါ - http://www.mediafire.com/view/?whr7r5x4qx3213t
ဒီလင့်မှာယူပါ -http://www37.zippyshare.com/v/74753504/file.html
ဒီလင့်မှာယူပါ - http://i.minus.com/ Network Guide
အင်တာနက် ဆိုရာ Network ကို ပိုင်နိုင်စွာ သေချာ ရှင်းလင်းထားတဲ့ စာအုပ်
ဒီစာအုပ်လေးကတော့   အင်တာနက်ပိုင်းဆိုင်ရာ  Network ရဲ့သဘောတရားကို
သေချာရှင်းလင်းပေးထားပြီး အခြေခံဘယ်လောက်ကျသလဲဆိုIP Adress တွေရဲ့
စနစ်တကျ ရေးပြထားတာမို့  ကွန်ပျုတာ ကျောင်းသားတွေ နည်းပညာရှင်တွေနဲ့ 
Network   သီးသန့် လေ့လာနေသူတွေအတွက်   မှီငြမ်းလေ့လာစရာ  စာအုပ်ပါ
အင်တာနက် သုံးနေသူတွေအတွက်  IP adress ဟာ   အလွန် အရေးပါနေတယ်
ဝက်ဆိုဒ်တစ်ခု  အတိုက်ခံရတာ ၊  အကောင့်တစ်ခု     အဖောက်ခံရတဲ့နေရာမှာ
IP လိပ်စာသိမှ ဘယ်နိုင်ငံက လုပ်တဲ့ ဘယ်သူက လုပ်တယ်ဆိုတာ တစ်ဆင့်ချင်း
ခြေရာခံလို့ ရတာပါ ။ ကိုယ်က တစ်ခုခု တိုက်ပီ  ဖောက်ခဲ့ပီဆို IP ဟာခြေရာခံဖို့ 
နေရာစုံစမ်းဖို့ တစ်ဆင့်ချင်း လုပ်ယူရမှာ ကျနော့်  IP သိတာနဲ့ ကျနော်သုံးနေတဲ့
ISP ( Internet Service Provider ) ကိုသွားမေးရင် Register  လုပ်ပီးသုံးတာမို့ 
ကိုယ်နဲ့ ပတ်သက်တဲ့ လိပ်စာ ဖုန်းနံပတ် အကုန်သိသွားပီး နောက်ဆုံး  အိမ်အထိ
ရောက်လာမှာ ။ အခု ခေတ်စားနေတဲ့  ဟက်ကာတွေ တိုက်ခိုက်တာတွေ အလွန်
ချီးကျူးဖို့ ကောင်းပါတယ်။  နာမည်ကြီးနေတာဟာ  အလကား   မဟုတ်ပါခဲ့ပါဘူး
အစိုးရဆိုဒ်ပေါင်းများစွာကို  တိုက်နိုင်ခဲ့တဲ့ BHG ဆိုရင်  ၂၀၁၀ မှာ ကမ္ဘာကျော်ပါ
မြန်မာပညာရှင်တွေ အဲ့သြော အားကျဖို့ ကောင်းပါတယ် Network ဆိုတာကြီးက
လေ့လာမယ်ဆို အလွန်ကျယ်ပြန့် ပါတယ် ရှုပ်ထွေးပါတယ် ။ကိုယ်တိုင်လည်းသိဖို့ 
လေ့လာဆဲသင်ယူဆဲပဲရှိသေးတာမို့  အများကြီး ရှင်းမပြနိုင်ပါဘူး အလုပ်ဝင်ပီးလို့ 
တစ်လအကြာ သူဌေးက မန်နေဂျာကို မေးတယ် လူသစ်က  ဘယ်လိုလဲဆိုတော့
မန်နေဂျာက ပြန်ဖြေတယ် Computer,Networking, Excel,Work  All  အိုကေ
သူဖြေတာ ကိုယ်ကြားရတော့ ဘ၀င်တောင်မြင့်ချင်တယ် တကယ်တော့  အားလုံး
အခြေခံပဲ လေ့လာထားတာပါ Network ရတယ်ဆိုတာလည်း  ဌာနတစ်ခုခုကနေ
အင်တာနက်လိုင်း မရတာ ၊ Printer ,Server,Proxy တွေ  အကြောင်း  အနဲလေး
လေ့လာထား သိထားရုံနဲ့  ဖြေရှင်းနိုင်ပါတယ် ။ ပညာရှင်ဆင့်လည်း မလေ့လာနိုင်
အချိန်မပေနိုင်ပါဘူး ။ ၂၁ရာစုမှာ လူတွေ  သင်တန်းတက်ပီး အေးဆေး ပညာရေး
သုသေသနလုပ်  လေ့လာဖို့  ဆိုတာမလွယ်ပါဘူး ။အလုပ်လုပ်ရင်း ကျောင်းတက်
အခုကာလ အထူးသဖြင့် မြန်မာနိုင်ငံ အခြေနေနဲ့  မလွယ်လှပါဘူး ။ပိုက်ဆံအရမ်း
ချမ်းသာပြီး နောက်ခံကောင်းရင်တော့  ကိုယ်ရခဲ့တဲ့ဘာသာ ကိုယ်သင်ခဲ့ရတဲ့ပညာ
တွေအတွက် အေးဆေး  သုသေသနပြု  အချိန်ပေးဖို့  သင်တန်းတက်ဖို့ ဆိုတာက
တကယ်မလွယ်ပါဘူး အားလုံး ၀မ်းစာအတွက် အလုပ်လုပ်ရပြီဆိုတော့ ကိုယ်တိုင်
လေ့လာသင်ယူခြင်း  ( Self-Study ) ဆိုတာ  ကျနော်နဲ့ ဘ၀တူ  သူငယ်ချင်းတွေ
အလေးထားရမယ့် စနစ်ပါ။ ဒါကြောင့်  ကျနော်သုံးတော့ ဆော့ဝဲ ကောင်းတယ်ဆို
ပြန်ပြောပြတယ် ကျနော်ဖတ်တဲ့စာအုပ် အဆင်ပြေတယ်ဆို  ပြန်ဖတ်စေတယ်နော
အသိပညာကို Share လုပ်တာ မျှဝေတာပါ တတ်လွန်းလို့ ဆရာ လုပ်နေတာတော့
မဟုတ်ရေးချ မဟုတ်ရပါ ။နောက်ဆုံးအနေနဲ့  လမ်းညွှန်ရရင်  ဒီစာအုပ်လေးထဲမှာ
လူပြောများ အသုံးများ သိထားသင့်တဲ့ Proxy ဆိုတဲ့အကြောင်းကို  အခြေခံကစပီး
သေချာ  ရှင်းပြပေးထားသေးတယ်။ proxy ဆိုတာ   မြန်မာပြည်ကလူတွေ ပိုပြီးသိ
ပိုပြီးနားလည်ပါတယ် ၀က်ဆိုဒ်တွေ ကြည့်မရအောင်ပိတ်ရင် တခြား Proxy ကိုသုံး
ကျော်ကြည့်  ခွကြည့်ရပါတယ် ။အဲ့တော့ပိုနားလည်ထားသင်တာက အပိတ်ခံရတဲ့
မြန်မာပြည်ကလူတွေလိုလည်း  ဆိုချင်ပါတယ် ။ မြန်မာပြည်က လူမဟုတ်ခဲ့ရင်လဲ
proxy Server ဟာ Main Computer တစ်ခုကနေ ဌာနအသီးသီးမှာရှိနေလေတဲ့
ကွန်ပျုတာတွေကို  ခွဲဝေချိတ်ဆက်တဲ့နေရာမှာ  ယနေကာလ  လူသုံးအများဆုံးနဲ့ 
အဆင်ပြေဆုံး Internet Sharing System တစ်ခုပါဒီစနစ်ရဲ့ အားသာချက်တွေမှာ
Serverကနေ ကွန်ပျုတာတွေအားလုံး ထိန်းချုပ်တာဖြစ်ပြီး  မကြည့်စေချင်တဲ့ဆိုဒ်
တွေကိုလည်း ပိတ်လို့ ရတယ်။  မြန်မာပြည်မှာအဖြစ်များတဲ့ Access Denied ဆိုဒ်
လူအတော်များမျာ သိမှာပါ မြန်မာပြည်ရဲ့ နာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးဆိုဒ်
တစ်ခုခု ဖွင့်လိုက်တိုင်း Access Denied ဆိုတာက  အရင်လာနေတော့  သုံးရတာ
စိတ်ပျက်စရာ ကောင်းလှတယ် ကိုယ်တိုင်လည်း ကြုံတာမို့ ဟာသအဖြစ်ပြောတာ
လက်ရှိလည်း ဒီစနစ်ကို နိုင်ငံတကာလုပ်ငန်တွေမှာ သုံးနေတယ် ကျနော်တို့ ရုံးလဲ
ဒီစနစ်သုံးပါတယ် ကောင်တာက ဌာနအသီးသီးက Computer တွေ ဘယ်အချိန်
အထိ လိုင်းချပေးမလဲဘယ်အချိန် လိုင်းဖြတ်မလဲဆိုတာကအစ ထိန်းချုပ်နိုင်တယ်
ရုံးမှာ အရင်ဆို ည ကိုးနာ၇ီခွဲအထိပဲ သုံးခွင့်ရတာ။  အဲ့နောက်ပိုင်းဆိုရင်  လိုင်းက
ဖြတ်ထားတယ် ။အခုတော့ အဲ့စနစ်ပြန်မလုပ်သေးဘူး အင်တာနက်ဆိုင်တွေကလို
Local Network ထဲက Computerမှာ ဘယ်ဝက်ဆိုဒ်တွေ ဖွင့်ခဲ့လဲဆိုတာကိုလည်း
Porxy server log file မှာ ပြန်ကြည့်လို့ ရပါတယ်  အဲ့တော့ ကျနော်ဘာဆိုဒ်တွေ
သုံးတယ် ဖွင့်နေတယ်ဆိုတာ ပြန်ကြည့်ရင်သိတယ် ။တခြားသူတွေလည်း ဒီလိုပါပဲ
ဌာနဆိုင်ရာ  အသီးသီးကနေ  အလုပ်လုပ်နေကြတဲ့သူတွေ ကိုယ်ဖွင့်တာ ပိတ်ရုံနဲ
ပျောက်သွားပီ မသိနိုင်ဘူးဆိုတာ မဟုတ်ဘူး Proxy Server Log File မှာ အကုန်
ပြန်ရှာလို့ ရပါတယ်။ နောက်ထပ်ကောင်းတာတွေကတော့ Local Area Network
ထဲက  ကွန်ပျုတာမှာ အင်တာနက်ကို  Username နဲ့   ပတ်စ၀ပ်သိမှ အသုံးပြုဖို့ 
ထိန်းချုပ်ချင်တယ်ဆိုလည်း ရတယ် တခြားနည်းတွေထက် သာတဲ့နေရာမှာလည်း
ဒီစနစ်က  ဌာနတစ်ခုက ၀က်ဆိုဒ်တစ်ခုကို သုံးတယ်ဆိုလည်း Server Cacheထဲ
မှတ်ထားပေးတာမို့  တခြားဌာနတစ်ခုခုကလည်း ဒီဆိုဒ် ဖွင့်တာဆိုရင်အမြန်ပြန်ချ
ပြန်ပွင့်စေတာမို့ Network Traffic မဖြစ်ပဲ အင်တာနက်မနှေးတော့ဘူးဒီစနစ်တွေ
ဒီပညာတွေဟာ ရုံးတွေမှာ နေတဲ့သူ လုပ်တဲ့သူတွေ သက်ဆိုင်ဆိုင် မဆိုင်ဆိုင်သိဖို့ 
လေ့လာဖို့ လိုပါတယ် သိထားမှ ဆောင်ရန် ရှောင်ရန်ကို သဘောပေါက်ပါလိမ့်မယ်
နည်းပညာခေတ် သတင်းခတ်မို့  တစ်ခုပိုသိရင် တစ်ခုပိုတတ်ရင် အလုပ်ထဲမှာရော
တခြားနေရာတွေမှပါ သူများထက် ခေါင်းတစ်လုံး ပိုမြင့်လိမ့်မယ် ဒါကြောင့် ပညာရပ်
နည်းပညာတစ်ခုခုကို သေချာ လေ့လာနိုင်ပါစေ  သိပါစေ ရည်ရွယ်ပြီး ပြန်မျှနေတာ
ဟာသ ပညာရှင်ကြီးတစ်ဦးပျက်လိုက်တာ သိပါလိမ့်မယ် သူ့ ကိုထောင်ချအမိန်ချတဲ့
တရားသူကြီးမင်းက ကွန်ပျုတာမရှိ နည်းပညာမသိသလို ဖမ်းတဲ့  အမှုလည်း အီးမေး
ဂျီမေး ကွဲပြားစွာမသိတဲ့ ၀န်ထမ်းက Electric Act နဲ့  ထောင် ၂၄ နှစ် ချလိုက်သတဲ့
နောင်ကာလ   မြန်မာနိုင်ငံရေးစနစ်မှာ ပညာတတ်တွေ  နည်းပညာရှင် တကယ်သိ
တကယ်တတ်တဲ့ လူတွေ ပါဝင်စေဖို့  ဆုတောင်းရမှာဖြစ်သလို  တတ်သိသလောက်
ပြုလုပ်ကြဖို့ လည်း လိုပါတယ် ပြောရရင် နိုင်ငံရေးဖက်ရောက်တော့မယ် မီးမလာတဲ့
ဓာတ်တိုင်အောက် ရပ်မိလို့ မှောင်ရိပ်ခိုမှုနဲ့  အဖမ်းခံရမှာလည်း စိုးရိမ်ရပါသေးတယ်
အဆုံးပြောရရင် ဒီစာအုပ်ဟာ Network အတွက်အလွန်အသုံးဝင်တဲ့ စာအုပ်ဆိုတာ
သိစေအပ်ပါတယ် အခြေခံပညာသင်ကနေပညာရှင်အဆင့်တွေထိ ပါဝင်ကြောင်း.။
ဖုန်းအမျိုးမျိုးနဲ့ အင်တာနက်ချိတ်ဆက်နည်း အပါအ၀င် မိုဘိုင်းဖုန်းအကြောင်း
ဒီ စာအုပ်လေးကတော့ မြန်မာပြည်မိုဘိုင်းနက်ဝပ်နှင့် ပတ်သက်ပီး အခြေခံကျကျ
ရေးပြရှင်းပြထားတဲ့အပြင် GSM စတင်အသုံးပြုလာပုံ ပေါ်ပေါက်လာပုံအကြောင်း
CDMA ဖုန်းအကြောင်း WCDMA ဖုန်းအကြောင်း အားနည်းချက် အားသာချက်ကို
စနစ်တကျရှင်းပြထားတာမို့  မြန်မာပြည်က  ဖုန်းသုံးစွဲသူတွေ ဖတ်ထားသင့်သော
လေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ပါ ။ ဖုန်းအမျိုးမျိုးနဲ့  အင်တာနက်ချိတ်
ကွန်ပျုတာနဲ့ သုံးပုံကိုလည်း ပုံနှင်တကွ ရေးပြရှင်းပြထားတာမို့  လက်မလွတ်သင့်
ဆောင်ထားသင့်တဲံ စာအုပ်ကောင်းလေးဖြစ်ပါကြောင်း မျှဝေလိုက်ပါတယ်........။
ဒီလင့်မှာ Downlaod ယူပါ - မြန်မာ့မိုဘိုင်းနက်ဝပ်နှင် အင်တာနက်ချိတ်ဆက်နည်
အင်တာနက်စတင်အသုံးပြုသော အခြေခံသမားတွေအတွက် နည်းလမ်း
ဒီစာအုပ်လေးက အင်တာနက်အသုံးပြုနည်း သဘောတရားတွေကို အသေးစိတ်
စနစ်တကျရေးသားထားတာမို့ စတင်လေ့လာနေသူတွေ သင်တန်းမတက်ဖြစ်သူ
ဒီစာအုပ်လေးကို သေချာဖတ်မှတ်လေ့လာကြည့်လိုက်ပါ ဘလော့စတင်ပြုလုပ်သူ
တည်ဆောက်နေသူအတွက်လည်း ပါပါတယ် စာအုပ် မာတိကာအတိုင်း သိလိုရာ
ရွေးဖတ်ကြည့်လိုက်ပါ ဗဟုသုတရနိုင်တဲ့အတွက် မျှဝေလိုက်ပါတယ်.................။
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/Internet Guide
အင်တာနက်မှာ Website တည်ဆောက်နည်း Web Designer စာအုပ်
ဒီစာအုပ်လေးကတော့ အင်တာနက်ပေါ်မှာ တည်ဆောက်ထားတဲ့  ၀က်ဆိုဒ်တွေကို
အသေးစိတ်ရေးဆွဲပုံနဲ့  အခြေခံကျတဲ့  ရှင်းလင်းချက်တွေပါပါတယ်   နောက်းနားက
တစ်ယောက်လာမေးတယ် ကုဒ်တွေ ကိုယ်တိုင်ရေးချင်လို့   ဒီလိုပညာတွေ  သေချာ
ဆရာနဲ့ လေ့လာသင့်သလို တကယ် ၀က်ဆိုဒ်  ဒီဇိုင်နာတွေ  အတွက် အခြေခံကျတဲ့
စာအုပ်ကောင်းတစ်အုပ်ပါ ။ ကျနော်က  EOT တောင် ကောင်းကောင်း မလုပ်တတ်
css မပြင်တတ်အခြေခံပညာသင်တစ်ယောက်ပဲရှိသေးတယ် ဖတ်ကြည့်လိုက်တော့
ဗဟုသုတအများကြီးရတယ်  လေ့လာလိုသူတွေ လေ့လာဖို့   ပြန်လည် မျှဝေတာပါ
ဒီစာအုပ်ကို ရေးတဲ့သူဟာ နာမည်ကြီးထဲက တစ်ယောက်ပဲ သူထောင်တဲ့ Planetက
ဟိုးလွန်ခဲတဲ့ 8 နှစ်လောက်က အွန်လိုင်းမှာ ဗဟုသုတရှာ  လေ့လာအားထားခဲ့ရတဲ့
ဝက်ဆိုဒ်တစ်ခုပဲ ။  အဲ့တုန်းက Social Net တွေ Naing တွေ အခုလိုမပေါ်သေးပါဘူး
Facebook ခေတ်မစားဘူး ။ အဲ့တုန်းက ခေတ်စားတာ Friendstar.Zopia>Hi5တွေနဲ့ 
Myspace လောက်ပဲရှိတယ် မြန်ဂလိတွေ ခေတ်စားခဲ့တဲ့အချိန်ထဲက နာမည်ကြီးတဲ့
ဝက်ဆိုဒ်တစ်ခုရဲ့ Creater ဆိုတော့ အခုထိလည်း သူ့ နာမည်ကို သိသူတွေ သိတယ်
လေးစားထိုက်တဲ့ Pro သမားတစ်ယောက်ရဲ့ တန်းဖိုးရှိတဲ့စာအုပ်တစ်အုပ်ပါ.........။
အဲ့လူကို သိတယ်ဆိုရင် အတော်လေ့လာတဲ့သူတစ်ယောက်လို့ ကျနော်ယူဆမယ်
မသိဘူးဆိုတဲ့သူကတော့ ချက်တင်ထိုင် ဖေ့ဘွတ်သုံးနေတဲ့ သာမာန်လူပါပဲနော :)
ဒီလင့်မှာ Download ယူပါ . www.mediafire.com/၀က်ဆိုဒ်ဒီဇိုင်းရေးဆွဲနည်း
ဖုန်းနဲ့ အင်တာနက် သုံးသူတွေအတွက် Wifi ဖွင့်ပြီး ကွန်ပျုတာသို့ ခွဲချိတ်နည်း
ဒီနည်းကတော့ ဖုန်းက အင်တာနက်လိုင်းကို ကွန်ပျုတာမှာ ချိတ်ပီးသုံးမယ့်စနစ်ပါ
ဖုန်းမှာ ၀ိုင်ဖိုင်စနစ်ပါရမှာ ဖြစ်သလို ကွန်ပျုတာကလည်း ၀ိုင်ဖိုင်စနစ်ပါမှရပါတယ်
အဲ့လိုဆိုရင်  စချိတ်လို့ ဖို့ အတွက်   ဖုန်းမှာ   အင်တာနက်လိုင်း  ဖွင့်ထားရပါမယ်
ဖုန်းမှာ ချက်တင်လုပ်ရင်း ကွန်ပျုတာကိုလည်း ခွဲသုံးတဲ့သဘောတရား တစ်ခုပါပဲ။
အောက်က နည်းအတိုင်းလိုက်လုပ်ပါ ....။
Seting ==>Wireless and networks ကိုဝင်ပါ
- Tethering and porable hospot ကိုဆက်ပြီးဝင်ပါ
- Portable Wi-Fi hospot ကို အမှန်ချစ်လိုက်ရင် ရပါပီ
ဒါဆိုရင် ဖုန်းက ၀ိုင်ဖိုင်စပြီးလွှင့်နေပါပြီ ။ ကွန်ပျုတာမှာပေါ်နေပါလိမ့်မယ် ။ ဒီလိုဆို
ချိတ်လို့ ရပါပြီ ။ ဖုန်းမှာလည်း  ချက်တင်လုပ်နေလို့ ရပါတယ် ။ကွန်ပျုတာမှာလည်း
သုံးလို့ ရပါပြီ ဒီနည်းက Galaxy ဖုန်းတွေမှာ ချိတ်နည်းအတူတူပါပဲ ။ဆင်မပြေပါက
မေးပို့ ပီး မေးမြန်းနိုင်ပါတယ်။ကွန်ပျုတာက လိုင်းကို ပြန်ခွဲနည်း လာမည် ကြာမည်
မြန်မာပြည်က ဖုန်းနဲ့ သုံးသူများ လက်တော့နဲ့ ချိတ်ကြည့်ပါ အဆင်ပြေပါ၏.......။
Website Design ပညာအတွက် လေ့လာလိုသူများဖတ်ရှုရန် CSS
CSS ဆိုတာ Cascading Style Sheets ပါ။ သူက web design အတွက် သုံးတယ်
ဘလော့ဂါတွေနဲ့  ၀က်ဆိုဒ်ရေးချင်တဲ့သူတွေအတွက် ဗဟုသုတရစေချင်း အလို့ ငှာ
ပြန်လည်မျှဝေလိုက်ပါ၏
ဒီလင့်မှာ ဒေါင်းလုပ်ယူပါ - http://www.mediafire.com/Css ဆိုင်ရာ စာအုပ်
နည်းပညာပိုင်းစိတ်ဝင်စားသူများနဲ့  ဘလော့ဂါတို့ အတွက် HTML
ဒီစာအုပ်လေးကတော့ HTML အကြောင်းရေးထားတဲ့ စာအုပ်လေးပါ ဘလော့ဂါများ
နည်းပညာစိတ်ဝင်စားသူများ ၀က်ဆိုဒ်ရေးနည်း လေ့လာလိုသူတွေအတွက်  အရမ်း
ကောင်းမွန်တဲ့ ဗဟုသုတရဖွယ် စာအုပ်လေးမလို့  ဖတ်ခဲဖူးသမျှကို  လက်ဆင့်ကမ်း
မျှဝေလိုက်ရပါကြောင်း( စာအုပ်ရေးသားသူမှာ ကိုစေတန်ဂေါ့ ပါ)...................။
ဒီလင့်မှာ Download ယူ - www.mediafire.com/HTML နည်းပညာအကြောင်း
ဒီလင့်မှာ ယူဖတ်ပါ -http://www.minus.com/HTML နည်းပညာအကြောင်
အင်တာနက်ဖြတ်ကျော်မှုဆိုင်ရာ နည်းပညာများ ( ဆောင်ရန် ရှောင်ရန်)
စာအုပ်ကိုဒီမှာ Downloadယူပါ အင်တာနက်ဖြတ်ကျော်မှုဆိုင်ရာ ဆောင်ရန်ရှောင်ရန်
No comments:
Post a Comment
Related Posts
Related Posts Plugin for WordPress, Blogger...