Blogger Widgets

Wednesday, April 17, 2013

How to delete saved password in Internet Browsers


 
ဒီပို့စ်လေးကို မစတင်ခင် ကျွန်တော်ဝန်ခံစကားဆိုချင်ပါတယ်။
အဲဒါဘာလဲဆိုတော့ ဒီပို့စ်ဖြစ်မြောက်စေမယ့် အဓိက အကြောင်းခံက
ကိုဝင်း (www.winkabarkyaw.net) ကစတာပါ။ဖြစ်ပုံက ဒီလိုဗျာ...

ကျွန်တော်  (3.3.2013 2:50 AM) ခန့်က ကိုဝင်းဆိုဒ်ကိုသွားလည်တဲ့
အခါ C-box လေးမှာ အော်ထားတာလေးကိုတွေတာက စပါတယ်။

"သူက sing in ဝင်တဲ့အခါ Password ရိုက်စရာမလို Username ရိုက်ယုံနဲ့
 Auto တန်းဝင်သွားလို့ပါတဲ့။ "


မေးခွန်းကတော့ ဟုတ်ပါပြီ။ သူများဆိုဒ်မှာမေးတာကို ကိုယ်ဆိုဒ်မှာ ဘာလို့ပြန်
ဖြေရသလဲ လို့မေးစရာရှိပါတယ်။

တကယ်တော့ ကျွန်တော်တို့လို Blog, Website ရေးနေတဲ့သူတွေဟာ Online
ပေါ်လျှောက်သွားပြီး လည်ပတ်သူတွေအတွက် လိုအပ်မယ်ထင်တဲ့ Software,
Data တွေကို ကိုယ့်ဆိုဒ်မှာ ပို့စ်တွေအဖြစ် ပြန်တင်ပေးကြတတ်ပါတယ်။
နောက်ပြီး ကိုယ်သွားရောက်တဲ့နေရာတွေက ကုန်ကြမ်းတွေစုပြီး ကိုယ့်ဆိုဒ်မှာ ပို့စ်တွေ
အဖြစ်ဖန်တီးပေးကြရပါသေးတယ်။
ဒါပေမယ့် နေ့စဉ်နေတိုင်း အသစ်အသစ် တွေတင်ပေးဖို့ရာ ကျွန်တော်တို့အတွက်ကုန်
ကြမ်းတွေလိုအပ်ပါတယ်။ ဒီနေရာမှာ အဓိကကျလာတာက မိမိဆိုဒ်ကိုလာရောက်လည်
ပတ်သူတွေရဲ့ Problem တွေ Request တွေပါ။ အဲလို့ တောင်းဆိုမှုတွေပေါ်မူတည်ပြီး
ကျွန်တော်တို့ Post တွေဖန်တီးရပြန်ပါတယ်။ ဒါက ကျွန်တော်တို့ပို့စ်တွေတင်ဖို့ အကောင်း
ဆုံးအခြေခံအချက်ဖြစ်သလို User တွေအတွက်လည်းတကယ်အသုံးဝင်တဲ့ Posts တွေ၊ နည်းပညာ
ကောင်းတွေဖြစ်လာစေပါတယ်။
သို့ပေမယ် ပြောစရာရှိလာပြန်တာက အဲလို User တွေတောင်းဆိုမှုများများရရှိနိုင်တာက
အခု ကိုဝင်းတို့လို တကယ့် သက်တမ်းရင့် နာမည်ကြီး လည်ပတ်သူအများအပြားရှိနေတဲ့ ဆိုဒ်မျိုးတွေအတွက်
သာရနိုင်ပေမယ့်  ကျွန်တော့်လို လူမသိသူမသိ သက်တမ်းနုသေးတဲ့ ဆိုဒ်တွေမှာတော့ တကယ်ကိုရှားပါးလှပါတယ်။
အဲဒီတော့ ပို့စ်တစ်ခုဖြစ်မြောက်ဖို့ မိမိ ဆိုဒ်ကနေ ကုန်ကြမ်းမရနိုင်တဲ့အခါ ကုန်ကြမ်းရနိုင်မယ့် ဆိုဒ်တွေကို
သွားရောက်ပြီး User တွေတကယ်ကြုံတွေနေရတဲ့ လိုအပ်ချက်တွေကို ရှာဖွေပြီး ပို့စ်တွေအဖြစ်တင်ပြဖြစ်ပါတယ်။
ဒါကပွင့်ပွင်းလင်းလင်း ဝန်ခံတာဖြစ်ပါတယ်။ ကျွန်တော်က Free Type သမားမို့ ကွယ်ဝှက်မှုမထားပဲ ဖြစ်စဉ်ကို
တင်ပြပေးတာဖြစ်ပါတယ်။

လိုရင်းပြောရရင်တော့ ကိုဝင်းဆိုဒ်ကပြန်လာတဲ့အခါ ကျွန်တော့်အတွက် တင်ပြစရာကုန်ကြမ်းရလာတယ်ဆိုပါတော့..။
(ကိုဝင်းရေ ..ဒီပို့စ်လေးအတွက် ကိုဝင်းဆိုဒ်ကိုတကယ်ကျေးဇူးတင်ပါတယ်ဗျာ..)

ဖြစ်စဉ်တွေလျှောက်ပြောနေတာနဲ့ ခေါင်းစဉ်ရဲ့လိုရင်းကို မရောက်ပဲနေတော့မယ်။
လိုရင်းကိုဆက်ကြရအောင်ဗျာ..။

အမှန်တကယ်တော့ Sing In ဝင်ရောက်တဲ့အခါ Username ရိုက်ပြီး Password ရိုက်စရာမလိုပဲ
Auto Sing In ဝင်သွားတာက ကိုယ်အသုံးပြုတဲ့ Browser မှာ အဲဒီဆိုဒ်ရဲ့ Saved Password
ကိုရွေးပေးမိခဲ့တာကြောင့်ပါ။
Browser တွေမှာ Sign In ဝင်စရာဆိုဒ်တွေကို Sign in ဝင်ရောက်တဲ့အခါမှာ Password ရိုက်ပြီးတာနဲ့
Browser ပေါ်ဘက်မှာ Saved Password လုပ်မှာလားလို့မေးတတ်ပါတယ်။
အဲဒီမှာ ရွေးချယ်စရာသုံးခုရှိပါတယ်။ Not Now =အခုမ Save သေး၊ Never= ဒီဆိုဒ်အတွက်ဘယ်တော့မှမ Save၊
Saved Password = ဒီဆိုဒ်ရဲ့ Password ကို Save မယ် ...စသဖြင့် ကိုယ်နှစ်သက်ရာရွေးပေးလို့ရပါတယ်။

အဲဒီမှာ ကိုယ်က Saved Password ကိုရွေးပေးခဲ့မိရင် Browser က ဝင်ရောက်တဲ့ဆိုဒ် လိပ်စာရယ်၊ Username ရယ်၊
password အဲဒီသုံးခုကိုမှတ်ထားလိုက်ပြီး နောက်တကြိမ် အဲဒီဆိုဒ် ကို LogIn ဝင်ရောက်တဲ့အခါ Username ရိုက်ယုံနဲ့
Password တန်းပေါ်ပြီး Auto LogIn ဝင်ရောက်ပေးသွားပါတယ်။ အဲဒါကို ပြန်ဖျက်ချင်ရင် လွယ်ပါတယ်။ History ကိုသွား
ပြီး Clear Browsing History မှာ Saved Password ကိုပါအမှတ်ခြစ်ပေးလိုက်ရင် ရပါတယ်။
ဒါမှမဟုတ် အရေးကြီး History တွေပါပျက်သွားမှာစိုးလို့ Password သီးသန့်ဖျက်ချင်တယ်ဆိုလည်းဖြစ်ပါတယ်။
Saved Password ဖျက်နည်းကို အောက်မှာ Major Browser ငါးခုနဲ့ ရှင်းပြပေးပါမယ်။

In Firefox

Tools >> Options >> Security >> Saved Passwords ကိုနှိပ်ပြီး မိမိ ဖျက်လိုသော
Password ကိုဖျက်လိုက်ပါ။


In Chrome

Settings >> shows advanced settings ကိုဖြေချလိုက်ပြီး Password and Forms မှာ
Manage saved passwords ကိုသွား မိမိ ဖျက်လိုသော Password ကိုဖျက်လိုက်ပါ။


In IE (Internet Explorer)

Tools >> Intenet Options >> Content >> AutoComplete ရဲ့ Settings >>
Manage Passwords ကိုသွားပြီး  မိမိ ဖျက်လိုသော Password ကိုဖျက်လိုက်ပါ။


In Opera

Menu (ဘယ်ဘက် အပေါ်ထောင့်က Opera Icon) >> Settings >> Peferences (Ctrl +F12) >>
Forms >> Password Manage ကိုသွား မိမိ ဖျက်လိုသော Password ကိုဖျက်လိုက်ပါ။


In Safari

Menu and Settings >> Preferences (Ctrl + ,) >> Auto Fill >> Username and Password
ဘေးက Edit ကိုနှိပ် မိမိ ဖျက်လိုသော Password ကိုဖျက်လိုက်ပါ။


ကဲ..အခုဆို Browser တွေမှာ Auto Saved လိုက်မိသော Password တွေကို ပြန်ဖျက်လို့ရနိုင်ပြီထင်ပါတယ်။

အခုဒီပို့စ်လေးကိုဖတ်မိသူများအနေနဲ့ မိမိလိုအပ်တာလေးများအတွက် နှုတ်ဆိတ်မနေကြပဲ ပွင့်ပွင့်လင်းလင်းနဲ့
တောင်းဆိုဝေဖန်ချင်သည်များကို အားမနာတမ်း တောင်းခံဝေဖန်ပေးကြပါလို့ တိုက်တွန်းပါရစေဗျာ။
တောင်းဆိုမှုတွေအတွက်လည်း ကျွန်တော် ဖြေရှင်းပေးနိုင်တာမှန်သမျှ အမြန်ဆုံး ပြန်လည်ဖြေကြားပေးမည်
ဖြစ်ပါကြောင်းလည်း ကြေညာလိုက်ပါတယ်ဗျာ..
အားလုံး အဆင်ပြေ အောင်မြင်ကြပါစေဗျာ...။

No comments:

Post a Comment

Related Posts

Related Posts Plugin for WordPress, Blogger...