DISM = the Deployment Imaging Servicing and Management tool
သူက windows ရဲ့ နောက်ခံ Services တွေကိုအကောင်းဆုံးထိန်းကျောင်းနိုင်
တဲ့ Tool ပါ။ သူကို Windows 7 မှာစတင်ထည့်သွင်းအသုံးပြုခဲ့ကြတာပါ။
သူ့အရင် Windows version တွေမှာတုန်းက ImageX, PEImg စတဲ့ Tools
တွေလောက်သာပါခဲ့တာပါ။ ပြည့်ပြည့်စုံစုံပြောရရင်တော့
ImageX – a tool which allowed you to mount offline images
Pkgmgr – A device driver and package manager
PEImg – A WindowsPE Utility to prepare images once edited with pkgmgr
Intlcfg – An International Settings Configuration Tool
ဆိုတဲ့ Tools တွေပါ။ သူတို့ကလည်း စွမ်းဆောင်ရည်ကောင်းတယ်ဆိုပေမယ့် လည်း အဓိကအားနည်း
ချက်က တဆင့်ချင်းသွားရပြီး Command မှာ Offline Method ပုံစံမျိုးသာသုံးရတာဆိုတော့
Order တခု Complete ဖြစ်သွားရင် Image ကို Re-make ပြန်လုပ်ပေးနေရတာမျိုးပါ။
DISM Tool ကတော့ အထက်က Tools တွေအားလုံးပါဝင်တဲ့အပြင် Online Method
မျိုးဖြစ်တာကြောင့် image တစ်ခု ကိုအသစ်ပြန်တည်ဆောက်ပေးနေရတာမျိုးမရှိပဲ
မိမိ Source ပေါ်မှာအခြေခံပြီး လိုတိုးပိုလျော့ Live Image တည်ဆောက်သွားတာမျိုးဆိုတော့
ပိုအဆင်ပြေတယ်လို့ပြောနိုင်ပါတယ်။
Windows 8 မှာ DISM က Command Control တစ်ခုအနေနဲ့ အကောင်းဆုံးအလုပ်
လုပ်နိင်တာလည်းတွေ့ရပါတယ်။
ထားပါတော့... အဲဒါတွေလိုက်ပြောနေရင် အခြားသီအိုရီတွေပါ ကိုးကားပြနေရမှာဖြစ်တာ
ကြောင့် ဒီလောက်နဲ့ရပ်ထားပြီး လိုအပ်တာကိုပဲဆက်ပြောသွားပါ့မယ်။
ဒီနေရာမှာ DISM စတင်အသုံးပြုပုံနဲ့ Error: 740 ဖြေရှင်းတာကို အဓိကထားပြောသွားမှာပါ။
Error:740 တက်ရတဲ့အကြောင်းအရင်းက Windows Feature,Component တွေ Install လုပ်
တဲ့အခါတွေရများပါတယ်။ များသောအားဖြင့်ကတော့ .Net Framework သွင်းတဲ့အခါမျိုးတွေ
မှာပေါ့။
အဲဒါကိုဖြေရှင်းဖို့နည်းလမ်း နှစ်ခုရှိပါတယ်။
အဲဒီနည်းလမ်းနှစ်ခုလုံးက Windows 7 /8 နှစ်ခုလုံးမှာ အလုပ်လုပ်ပါတယ်။
ပထမနည်းလမ်းက DISM command နဲ့ဖြေရှင်းတဲ့နည်းလမ်းပါ။
နှစ်မျိုးစလုံးကို Windows 8 နဲ့ စမ်းသပ်ပြပါမယ်။
Starting DISM
(1)
အရင်ဆုံး IDSM ကိုစတင်ဖို့ Windows 7 မှာဆိုရင်
Start >> type 'cmd' in search box >> Run as Administrator
Windows 8 မှာဆိုရင်တော့ WindowsLogo+X >> Command Prompt (Admin)
ဆိုပြီး Command Prompt ကို Administrator Mode နဲ့ Run ပေးရမှာပါ။
(2)
ပြီးရင် Command Prompt ထဲမှာ dism လို့ရိုက်ကြည့်လိုက်ပါမယ်။
အဲဒီအခါ DISM နဲ့ ပက်သတ်တာတွေအပေါ်ကပုံတွေအတိုင်းပြမှာပါ။
(3)
dism /online /Get-CurrentEdition လို့ရိုက်ပါမယ်။
( [/] တွေရှေ့မှာ Space တချက်စီရိုက်ပေးရပါမယ်။ ဒါကိုသတိထားပါ။)
Deployment Image Servicing and Management tool
Version: 6.2.9200.16384
Image Version: 6.2.9200.16384
Current Edition : ProfessionalWMC
The operation completed successfully.
ဆိုပြီးလက်ရှိ Windows Version ကိုစစ်ဆေးကြည့်တာဖြစ်ပါတယ်။
(4)
dism /online /Get-TargetEditions လို့ရိုက်ပါမယ်။
( [/] တွေရှေ့မှာ Space တချက်စီရိုက်ပေးရပါမယ်။ ဒါကိုသတိထားပါ။)
Deployment Image Servicing and Management tool
Version: 6.2.9200.16384
Image Version: 6.2.9200.16384
Editions that can be upgraded to:
(The current edition cannot be upgraded to any target editions.)
The operation completed successfully.
ဆိုတာပြလာပါမယ်..။ဒါကကိုယ်စက်မှာ ဘာတွေထပ်ပြီး Upgrade လုပ်စရာလိုသလဲဆိုတာ စစ်ဆေး
ကြည့်တာဖြစ်ပါတယ်။
(5)
ကဲ...အခုဒီအဆင့်မှာတော့ DISM Command ကိုသုံးပြီး System တွေ Feature တွေကို
ချိန်းမှာဖြစ်ပါတယ်။
အရင်ဆုံး
dism /online /Get-Features |more ဆိုပြီးရိုက်ပေးလိုက်ပါမယ်။
( [/] တွေရှေ့မှာ Space တချက်စီရိုက်ပေးရပါမယ်။ ဒါကိုသတိထားပါ။)
အဲဒီမှာ အောက်ဘက်နားမှာ More ဆိုတာလေးတွေနိုင်ပါတယ်။ အဲဒါက အခြား
Feature တွေကိုလေ့လာနိုင်ဖို့ဖြစ်ပါတယ်။ More ဆိုတာကတော့ Scrollbar နဲ့ သဘောတရားဆင်တူ
ပါတယ်။ ဆက်ကြည့်ချင်ရင် Enter ခေါက်ပြီးဆင်းသွားလို့ရပါတယ်။
အခုကျွန်တော်တို့ရှာရမှာ .Net Error ရှင်းလင်းဖို့ဆိုတော့ .Net ကိုရှာပြီး Disable, Enable လုပ်ဖို့ပါ။
အဲတော့ Enter တချက်ခြင်းခေါက်ပြီး NetFx3 ဆိုတာကိုတွေ့တဲ့အထိရှာပါမယ်။
(6)
အပေါ်ကပုံမှာလို NetFx3 ကိုတွေပြီဆိုရင် အဲဒါ အင်္ဂါမစုံတဲ့ .Net 3.5 (or) 3 ပါ။
အဲဒါလေးက Default အနေနဲ့ ကတော့ Enable ဖြစ်နေတာပါ။ အဲလို Enable ဖြစ်နေတာ
ကြောင့်လည်း ကျွန်တော်တို့ နောက်ထပ် .Net ထပ်သွင်းတဲ့အခါ ရံဖန်ရံခါ Error တတ်နေတာပါ။
အဲတော့ သူကို အရင် Disable လုပ် ပြီးတော့မှာ Enable ပြန်လုပ်။ အဲလို ကူလီကူမာ လုပ်ပြီးမှ
နောက်ထပ် .Net ထပ်သွင်းရင် Error မတတ်နိုင်မှာဖြစ်ပါတယ်။
အခု NetFx3 ကို Disable လုပ်ပါမယ်။
အရင်ဆုံး စောစောက အလုပ်လုပ်နေတဲ့ Command ရပ်အောင် ( More ဆိုတာပျောက်ပြီး system32
ဆိုတာ ပေါ်လာအောင်) Ctrl+C ကိုနှိပ်ပေးလိုက်ရပါမယ်။ အဲဒါက သွားနေတဲ့ Command
ရပ်ပစ်တာပါ။
^C လေးခံပြီး C:\Windows\system32> ဆိုတာလေးပေါ်လာပြီဆိုရင် နောက်ထပ် Command စတင်
လို့ရပါပြီ..။
Feature တွေကို Enable/Disable လုပ်ဖို့ ရိုက်ရမယ် Command Method က
dism /online /Disable(or)Enable-Feature /FeatureName:<NAME GOES HERE>
ဆိုတဲ့ Method ဖြစ်ပါတယ်။ ရှေ့က dism ကနေ နောက်က FeatureName အထိ ကတော့
ပုံသေ Method ဖြစ်ပြီး မှားယွင်းလို့မရသလို <NAME GOES HERE> ကတော့ ကိုယ် Enable/Disable
လုပ်မယ် Feature Name ပဲဖြစ်ပါတယ်။ Feature Name ကိုရေးတဲ့အခါမှာလည်း CaSe SEnSItivE
ဖြစ်ပါတယ်။ စာလုံးအကြီးအသေးလွဲချော်လို့မရပါဘူး။
အဲဒါကိုနားလည်ပြီဆိုရင် စလိုက်ကြရအောင်..။
dism /online /Disable-Feature /FeatureName:NetFx3 ဆိုပြီးရိုက်ပေးလိုက်ပါမယ်။
( [/] တွေရှေ့မှာ Space တချက်စီရိုက်ပေးရပါမယ်။ ဒါကိုသတိထားပါ။)
Enter ခေါက်လိုက်ရင် အလုပ်စလုပ်ပါလိမ့်မယ်..။
အပေါ်ကလို 100% ပြည့်အောင် Loading လုပ်ပြီး Successfully ဖြစ်သွားရင်
Restart လုပ်မှာလားဆိုပြီး <Y/N> လို့မေးလာပါလိမ့်မယ်။
ကျွန်တော်တို့က Enable ပြန်လုပ်ဦးမှာဆိုတော့ 'n' ကိုနှိပ်ပေးပြီး ငြင်းလိုက်ပါမယ်။
(7)
အခုဒီအဆင့်မှာ ကျွန်တော်တို့ Disable လုပ်လိုက်တဲ့ NetFx3 ကို Auto စစ်ဆေးပြင်ဆင်
ခိုင်းမှာဖြစ်ပါတယ်။
dism /online /Get-FeatureInfo /FeatureName:NetFx3 လို့ရိုက်ပြီး စုံစမ်းစစ်ဆေးစေမှာပါ။
The operation completed successfully. ဆိုပြတဲ့အထိစောင့်ပေးလိုက်ပါ။
(8)
Windows မှာ နဂိုရှိပြီးသား .Net စစ်ဆေးပြင်ဆင်ပြီးဖြစ်တာကြောင့် Enable ပြန်လုပ်ပေးရပါမယ်။
dism /online /Enable-Feature /FeatureName:NetFx3 ဆိုတာကိုရိုက်ရပါမယ်။
အပေါ်ကလို 100% ပြည့်အောင် Loading လုပ်ပြီး Successfully ဖြစ်သွားရင်
Restart လုပ်မှာလားဆိုပြီး <Y/N> လို့ထပ်မေးလာပါလိမ့်ဦးမယ်။
ဒီတခါတော့ အားလုံးပြင်ဆင်ပြီးဖြစ်တာကြောင့် 'y' ကိုနှိပ်ပြီး Restart ချပေးလိုက်ပါ။
ပြန်တက်လာရင် နောက်ထပ် .Net ထပ်သွင်းတဲ့အခါ ဘာ Error မှတွေ့ရတော့မှာမဟုတ်ပါ။
ဒုတိယနည်းလမ်း
ဒီနည်းလမ်းကလွယ်လွန်းလို့ အပေါ်ကနည်းကိုဖတ်ပြီးသားလူတွေ ကျွန်တော်ကို "ဒါများကွာ"
ဆိုပြီးအပြစ်မဆိုကြပါနဲ့ဗျာ..။ ကျွန်တော်က နည်းနည်းခက်တာကို စိတ်ဝင်စားသလို Error
တော်တော်များများကို Manual ဖြေရှင်းရင်တောင်မှ ထဲထဲဝင်ဝင်နားလည် ချင်တာဆိုတော့
အားလုံးလည်း ဗဟုသုတ ရရှိစေဖို့ လျှာရှည်လိုက်ရခြင်းဖြစ်ပါတယ်။
ကဲ...ဒုတိယနည်းလမ်းကိုစလိုက်ကြရအောင်ဗျာ..။
WindowsLogo+X >> Control Panel >> Programs and Features >> Turn Windows
Feature On or Off ကိုအဆင့်ဆင့်သွားလိုက်ပါ။
အဲဒီမှာ .Net Framework 3.5 ဆိုတာလေးမှာ Check box ကိုဖြုတ် OK ပေးလိုက်ရင်
Loading လုပ်ပြီး Restart လုပ်မှာလားမေးလာပါလိမ့်မယ်။ Dont's Restart ကိုရွေးပေးလိုက်ပါ။
ပြီးတော့ အဲဒီ Check box ကိုပြန် ON ပြီး OK ပေးလိုက်ပါဦး။
ဒီတခါ Restart လုပ်မှာလား ထပ်မေးလာရင် Restart လုပ်ပေးလိုက်ပါဗျာ..။
ဒါလေးပါပဲ...။ စက်ပြန်တက်လာရင် .Net Error ပျောက်သွားပါလိမ့်မယ်..။
ပြီးတော့မှ .Net ပြန်သွင်းပေးလိုက်ပေါ့ဗျာ..။
Windows 8 အတွက် .Net 3.5 ကို
ဘာ Software/ Online ချိတ်ဆက်မှုမှမလိုပဲ Offline Activate Method ကို
ဒီနေရာ မှာ ဆက်လက်လေ့လာလိုက်ကြပါ။
တကယ်လို့ DISM Command အကြောင်းကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်
Command Prompt မှာ
dism /?
dism /online /?
dism /online /Get-Features /?
ဆိုတာတွေရိုက်ပြီး ဆက်လက်လေ့လာလို့ရပါတယ်။
အားလုံးပဲအသိပညာတိုးတက်ပြီး အဆင်ပြေကြပါစေဗျာ..။
No comments:
Post a Comment