Blogger Widgets

Wednesday, April 17, 2013

KEY တွေ Activator တွေမလိုပဲ Windows 7 ကို တစ်နှစ် အလကားသုံးလို့ရအောင်ဘယ်လိုလုပ်မလဲ ???


ကတ်သီးကတ်သတ်မေးတဲ့ ညီငယ်တစ်ယောက်ကြောင့် ဒီပို့စ်လေးဖြစ်လာတာပါ။

သူမေးထားတာလည်းကြည့်ဦး...

"ကိုရန်ခင်ဗျ...ကျွန်တော်က မလေးမှာအလုပ်လုပ်နေတာပါ။ ကျွန်တော်လက်ရှိအသုံးပြုနေတာ

က Windows 7 Ultimate 32 bit ပါ။ ဝယ်မသုံးနိုင်လို့ အခု ရက် 30 Trial Vresion လေးသုံးနေတာပါ။

Windows Activate လုပ်ဖို့  Windows Loader တွေနဲ့ Pirate သုံးဖို့ကလည်း လုပ်ငန်းခွင်နဲ့ 

ချိတ်ဆက်အသုံးပြုရတာဆိုတော့ အဆင်မပြေပါ။ 



ဒါကြောင့်.. Key နဲ့လည်း Activate မလုပ်၊ Windows Loader တွေနဲ့လည်း Pirate မလုပ်ပဲ၊

 ခြောက်လလောက်သုံးလို့ရနိုင်မယ့်နည်းလေးများရှိရင် ပြောပြပေးနိုင်မလားဗျာ..။ 

အခု ကျွန်တော်မှာ 1 ပါတ်ကျော်ကျော်လောက်ပဲ

ကျန်တော့တာမို့ ဖြစ်နိုင်ရင် မြန်မြန်လေးကူညီပေးပါလားဗျာ။ အရေးကြီးနေလို့ပါ

ကိုရန် ရဲ့ ပြန်စာ ကိုစောင့်နေပါ့မယ်ဗျာ.." တဲ့။

ကဲကြည့်ဦး...။ Key လည်းမသုံးနိုင်၊ Pirate လည်းမလုပ်ချင်ပဲ ရက်သုံးဆယ်ထက်ပိုသုံးချင်လို့တဲ့ဗျာ...။

နည်းလမ်းကိုရှာဖွေစဉ်းစားရင်း 2011 နှစ်ဦးပိုင်းလောက်က

ရရှိခဲ့ပြီး ချောင်ထိုးထားခဲ့တဲ့နည်းလမ်းလေးကိုသွားသတိရမိလိုက်တယ်ဗျ။

ရခဲ့တဲ့ ဆိုဒ်လေးက Dievl cafe ဆိုလား ဘာလား Hacking နဲ့ပက်သတ်တာတွေ ဖော်ပြပေးတဲ့ ဆိုဒ်

လေးပါ။ အတိအကျတော့မမှတ်မိတော့ပါ။

အခုမှအခွင့်ကြုံလို့ပြန်စမ်းကြည့်တော့ အမှန်တကယ်လည်းအဆင်ပြေတာကြောင့် Windows 7

အသုံးပြုသူများ စမ်းသပ်လို့ရအောင် ပို့စ်တစ်ခုအနေနဲ့တင်ပေးလိုက်တာပါ။

နည်းလမ်းလေးရဲ့ Definition က Tiral Period ကို Rearm ပြန်လုပ်ပေးတာပါ။

Rearm လုပ်တယ်ဆိုတာက Reset လုပ်တာနဲ့ အဘောတရားအတူတူပါပဲ။

Windows 7 ရဲ့ ရက်သုံးဆယ် Trial Period ကို Rearm သုံးကြိမ်ပြန်လုပ်လို့ရပါတယ်။

လက်ရှိရက်သုံးဆယ်နဲ့ Rearm 3 ကြိမ်နဲ့ဆိုရင် ရင်ပေါင်း 120 (လေးလ) အသုံးပြုလို့ရမှာပါ။

Rearm လုပ်တဲ့နည်းက

1.Start >> Type "cmd" in search box >> Run as administrator ဆိုပြီး

Command Prompt ကို Administrator Mode နဲ့ခေါ်လိုက်ပါ။

2.အဲဒီမှာ slmgr -rearm ဆိုတာလေးရိုက်ပြီး Enter ခေါက်လိုက်ပါ။ (-rearm ရှေ့မှာ Space

 ခြားပေးရပါမယ်)

အဲဒီအခါ Restart ကျသွားပြီး ပြန်တက်လာရင် ရက်သုံးဆယ်ပြန်ဖြစ်နေပါလိမ့်မယ်။

အဲဒါမျိုးကို သုံးကြိမ်ပြန်လုပ်လို့ရပါတယ်။ ရက်သုံးဆယ်ပြည့်ခါနီး တစ်ခါလုပ် သုံးခါဆိုရင်

မူရင်းရက်နဲ့ပေါင်းရင် ရက်ပေါင်း 120 ပေါ့။

အဲလိုရက်ပေါင်း 120 ပြည့်တဲ့အခါ ပုံမှန်အားဖြင့် နောက်ထပ် Rearm လုပ်လို့မရတော့ပါ။

ဒါပေမယ့် Registry ကိုပြင်ပေးလိုက်ရင် နောက်ထပ် Rearm ရှစ်ကြိမ် ထပ်လုပ်လို့ရသွားပါလိမ့်မယ်။

WindowsLogo+R >> Type " regedit " ဆိုပြီး Registry Editor ကိုခေါ်လိုက်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows 

NT\CurrentVersion\SoftwareProtectionPlatform

ကိုအဆင့်ဆင့်သွား။ ပြီးရင် ညာဘက် panel ထဲက SkipRearm ပေါ်မှာ Double click ပေးပြီး D-Word

Value ကို 1 လို့ ချိန်းပေးလိုက်ပါ။

ပြီးရင် Restart ချလိုက်ပြီး နောက်ထပ် Rearm (8)ကြိမ် ရက်ပေါင်း (240) ရရှိပါလိမ့်မယ်။

အဲဒါဆို အရင် ရက်ပေါင်း 120 နဲ့ အခုရက်ပေါင်း 240 ။ ပေါင်း ရက်ပေါင်း 360 (တစ်နှစ်)စာ ကို

ဘာ ကီးမှမလို၊ ဘာ Activator မှမလိုပဲ အေးအေးဆေးဆေးအသုံးပြုနိုင်ပါလိမ့်မယ်။

တောင်းထားတဲ့ညီငယ်ရော ဒီပို့စ်ကို ဖတ်လိုက်ရတဲ့သူတွေရော စမ်းကြည့်လိုက်ကြပါနော်။

(မလေးက သက်ဆိုင်သူ ညီငယ်ရေ...ကတ်သီးကတ်သတ် ဆိုတဲ့စကားလုံးအတွက်စိတ်မဆိုးပါနဲ့ဗျာ..
 အထူးအဆန်းမို့ တင်စားပြီးပြောလိုက်မိတာပါ။ နောက်လည်းမေးပါမြန်းပါ။ မေးပါများစကားရဆိုသလို
 မေးမြန်းခြင်းက မေးသူ၊ ဖြေသူ၊ အမေးအဖြေကို စောင့်ကြည့်သူ အတွက်ပါ     
 အသိပညာတိုးပွားစေပါတယ်)

No comments:

Post a Comment

Related Posts

Related Posts Plugin for WordPress, Blogger...