Blogger Widgets

Wednesday, April 17, 2013

ကျွန်တော်တင်ပေးသော Software များ IDM နဲ့ Download ဆွဲချင်လျှင်...( ဖတ်ပေးပါ )



နည်းလမ်းကိုမပြောခင်ကျွန်တော်အရင်ဆုံးပြောလိုတာက ကျွန်တော်အသုံးပြုတဲ့ File Storage Site

တွေအကြောင်းပါ။ ကျွန်တော် Software တွေတင်တဲ့အခါမှာ အဓိက အသုံးပြုတာ Box.com နဲ့


Drop Box ပါ။ User Type ကလည်း Free ပါ။ ဘာကြောင့် Free သုံးရလည်းဆိုတော့ ရှင်းပါတယ်။


အခကြေးငွေ မတတ်နိုင်လို့ပါ။


နောက်ပြီးမေးစရာရှိတာက  ကျန်တဲ့ Free Site တွေရှိပါလျှက်နဲ့ (ဥပမာ- Mediafire, Ziddu, 4Shared, 


etc...) သူတို့ကို မှဘာကြောင့်သုံးရသလဲဆိုတာပါ။

Box.com ကို Free SignUp လုပ်တဲ့အခါ Free Storage Space 5Gb ရပါတယ်။ Drop Box ကတော့ 


အရင်ဆုံး 3Gb ပေးပြီး နောက်ထပ် အပေါင်းအသင်းတွေထပ်ခေါ်နိုင်ရင် 50Mb စီ 5Gb 

အထိထပ်ပေါင်းပေးပါတယ်။ ထပ်တိုးတာထားပါတော့ အရင်းတင် 3Gb ဆိုတော့ သူနဲ့ Box.com မှာတင် 

Gmail Account တစ်ခုရှိယုံနဲ့ 8Gb ရနေပါပြီ။ ကျွန်တော်မှာ Gmail Account က 30 ကျော်ရှိတော့ 

ကျွန်တော့်အတွက် Free Space ကိုတွက်သာကြည့်ကြပေတော့ဗျို့။ Storage Space 

ကတော့ဟုတ်ပါပြီ... 

Download Link Share တဲ့အခါကျပြန်တော့ သူတို့က လွယ်ကူသလို Down တဲ့သူတွေအတွက်  

လည်းအဆင်ပြေပါတယ်။

တကယ်တော့ User တွေ  ဒေါင်းလို့အကောင်းဆုံး Site က  Mediafire ပါ။ 

သူက အခြား Downloader တွေကို Support လုပ်သလို Resumable လည်းရပါတယ်။

သိုပေမယ့် အဓိက ပြဿနာက သူက Free User တွေရဲ့ Data Storage Time ကို အများဆုံး 

ရက်သုံးဆယ်သာ ပေးပါတယ်။ 

တင်တင်ခြင်းတော့ ဘာပြဿနာမှမရှိပေမယ့် ကြာလာလို့ Link တွေသေသွားတဲ့အခါ ပြန်ပြန်ပြီး Maintain 

လုပ်ပေးနေရရင် မလွယ်ပါဘူး။ 

Down တဲ့သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရသလို တင်ပေးတဲ့ ကျွန်တော်တို့ အတွက်လည်း 

ဘယ်အချိန်လင့်သေမလဲ လို့စောင့်ကြည့်နေရတာပါ။  

အမှန်ပြောရရင် ကျွန်တော် အဲလောက်အထိ အချိန်ယူ ပြင်ဆင်ဖို့ အချိန်လည်းမရသလို၊ ကျွန်တော့်ကို 

ကူညီပေးမယ့် သူတစ်ယောက်မှမရှိပါဘူး။ 

အလုပ်ကတဖက်၊ မေးတာမြန်းတာတွေဖြေရတာကတဖက်၊ Typing Speed မကောင်းလို့ ပို့စ်တွေ 

အလျှင်မှီအောင် မနည်းတင်နေရတာကတဖက်နဲ့ ဒီကြားထဲ အဲဒီလင့်သေတာကို ပြန်ပြန်ပြင်ရမယ်ဆို 

ကျွန်တော် ဘယ်လိုမှရပ်တည်နိုင်မှာမဟုတ်ပါ။ 

အခြား Ziddu, 4Shared တို့ကျပြန်တော့လည်း Download လေးတခါဆွဲဖို့   စာတွေဖြည့်ရ

ကြော်ငြာတွေ   စောင့်ရ အကောင့် တွေဝင်ရနဲ့ Down တဲ့သူတွေအတွက်အဆင်မပြေပြန်ပါဘူး။

ဒါကြောင့် ကျွန်တော် Storage Site တွေရွေးချယ်တဲ့အခါ Box.com နဲ့ Drop Box 

တို့ကိုသာရွေးလိုက်တာပါ။ သူတို့က Storage Time ကို တစ်နှစ်နီးပါးလောက် ကောင်းကောင်း 

ခွင့်ပြုပေးတာဆိုတော့ ကျွန်တော်တို့ တင်ပေးတဲ့သူတွေအတွက်အလုပ်မပိုရသလို Down 

တဲ့သူတွေအတွက် လည်းလွယ်ကူပါတယ်။

အဲ..အားနည်းချက်ဆိုလို့ သူတို့က Browser Default Downloader တွေသာ Support လုပ်တာပါပဲ။ 

အဲဒီတော့ IDM နဲ့မြန်မြန် ဒေါင်းချင်တဲ့သူတွေအတွက် တော့နည်းနည်းကျွဲမြီးတိုစရာပါ။   

ဟုတ်ကဲ့... အခုအဓိကပြောချင်တာကလည်း အဲဒီဆိုဒ်တွေက ဒေါင်းတဲ့အခါ IDM လေးနဲ့ 

ဆွဲလို့ရမယ်နည်းလမ်းပါ။

အရင်က Browser တွေမှာ IDM Support လုပ်နိုင်ဖို့ Add-ons တွေသုံးကြရပါတယ်။အခုနောက်ပိုင်း IDM 

V6.12 အထက် မှာတော့ Add-ons သီးသန့်သုံးနေစရာမလိုတော့ပါ။ 

သူ့ကို Install လုပ်လိုက်တာနဲ့ IE, Firefox, Chrome တို့မှာ တခါတည်း Extension တွေထည့်ပေါင်းပေး 

လို့ အလွယ်တကူ သုံးလို့အဆင်ပြေပါတယ်။ 

ဒါပေမယ် Box.com, Dropbox တို့မှာတော့မလွယ် ပါ။ IE သုံးတဲ့သူများအတွက်တော့  ပြဿနာမရှိပါ။ 

ဘယ်လင့်ဖြစ်ဖြစ် IDM နဲ့ပဲ Down လို့ရပေမယ့် Firefox, Chrome တို့မှာ တော့အထက် ပါလင့်မျိုးတွေ 

အတွက်  အဆင်ပြေမှာမဟုတ်ပါ။ 

ဒါကြောင့် Firefox, Chrome တို့မှာအထက်ပါလင့်မျိုးတွေမှာအဆင်ပြေအောင် အောက်ကနည်းလမ်းလေး 

များကိုဖော်ပြပေးလိုက်ပါတယ်ဗျာ...


In Firefox



Firefox ဆိုရာမှာ သူရဲ့ အမျိုးကွဲများဖြစ်တဲ့ Nightly, Aurora အားလုံးအကျုံးဝင်ပါတယ်။


လက်ရှိကျွန်တော်က Nightly သုံးတာဆိုတော့ Nightly နဲ့ပဲ ပြပေးပါမယ်။ ဒါကလည်း Firefox 


အားလုံးအတူတူပါပဲ။


(***အရင်ဆုံး IDM ကိုတော့ Install လုပ်ပေးထားဖို့လိုပါတယ်...***)



ဘာလာလာ IDM နဲ့ဒေါင်းဖို့ FlashGot ဆိုတဲ့ Add-on လေးလိုအပ်ပါတယ်။အဲဒါကို ဒီနေရာ 


မှာသွားယူလိုက်ပါ။ရလာတဲ့ FlashGot.xpi လေးကို Firefox မှာ Install လုပ်ပါမယ်။ Install 

လုပ်ပုံကတော့


1. Firefox ကိုဖွင့်၊ Tools >> Add-ons ကိုနှိပ်ပြီး Add-ons Manager ကိုသွားလိုက်ပါ။ (Ctrl+Shift+A


တွဲနှိပ်ပြီး လည်းသွားလို့ရပါတယ်။





2. Add-ons Manager မှာ စက်သွားပုံစံလေးကိုနှိပ်ပြီး Install Add-on From File.. ကိုရွေးပေးလိုက်ပါ။


ဒါဆို ဖိုင်လမ်းကြောင်းကျလာပြီး စောစောက ဒေါင်းထားတဲ့ FlashGot.xpi လေးရှိရာသွား  

ရွေးပေးလိုက်ပါ။




3. Install box လေးပေါ်လာရင် Install နှိပ်ပေးလိုက်ပါ။ အဲဒီအခါ Browser ကို Restart 


လုပ်ဖို့ပြောလာရင် Restart Now ဆိုတာနှိပ်ပေးလိုက်ပါ။   Browser ပြန်တက်လာရင် Add-ons Manager

ကိုပြန်သွား ကြည့်လိုက်ပါ။ FlashGot လေးရောက်နေပါလိမ့်မယ်။





4. အဲဒီ FlashGot ရဲ့ Options ကိုနှိပ်ပါ။ General Tag အောက်က Download Manager နေရာမှာ 


Internet Download Manager (IDM) ကိုရွေးထားပြီးဖြစ်ပါလိမ့်မယ်။ မဖြစ်လည်း ဘေးက Drop down 

ကို ဖြည်ချပြီးရွေးပေးလို့ရပါတယ်။ နောက် Shown in context menu ကို အမှတ်ခြစ်ပေးပါ။ 

OK ကိုတော့မနှိပ်ပါနဲ့ဦးဗျာ။




5. နောက်ပြီး FlashGot Media Tag အောက်ကိုသွား Download Manager နေရာမှာ Internet 


Download Manager ကိုရွေးပေးလိုက်ပါဦး။ အဲဒါပြီးပြီ ဆိုရင်တော့ OK နှိပ်ပေးလို့ရပါပြီ။





ကဲအခုဆို  IDM အလုပ် လုပ်၊မလုပ် စမ်းကြည့်ကြပါမယ်။ Box.com ရဲ့ ဒေါင်းလုပ်လင့်တစ်ခုကိုသွားပါမယ်။


အဲဒီမှာ Download ဆိုတာကိုနှိပ်ရင် ဒေါင်းဖို့ Box ကလေးကျလာပြီး FlashGot ကို ရွေးပြီးသား  


ကိုတွေ့ရမှာပါ။




OK နှိပ်လိုက်ပါ။ ဟော..IDM ပေါ်လာပြီး ဒေါင်းခွင့်ရသွားပါပြီ။



Box.com မှမဟုတ်ပါ။ ကျန်တဲ့ ဘယ်လင့်ကိုမဆို IDM နဲ့ ပျော်ပျော်ကြီး Download ဆွဲလို့ရသွားပါပြီဗျာ။



In Chrome



Chrome မှာတော့ FlashGot လို Add-on (Extension) မျိုးမရှိပါ။


သူမှာလည်း  IDM ကို Install လုပ်ကတည်းက IDM Extension ရရှိပြီးသားပါ။


ဒါပေမယ် သူလည်း Box.com တို့လို IDM support မလုပ်တဲ့ လင့်တွေမှာ Built-in Downloader 


နဲ့သာလုပ်မှာပါ။ အဲဒါကို IDM ကိုပြန်ချိန်းလို့ရပါတယ်။ အောက်မှာကြည့်ပါ။


1.IDM support မလုပ်တဲ့ Box.com ရဲ့ Download လင့်တစ်ခုကိုသွားပါမယ်။ Download ကိုနှိပ်ပါမယ်။





2.ဒါဆို Built-in Downloader နဲ့ ဆွဲပါလိမ့်မယ်။





3.ဘယ်ဘက်အောက်ဘက်နားက ဒေါင်းနေတဲ့ Status Bar ပေါ် Right-Click လုပ်ပြီး 


Pause ပေးလိုက်ပါ။ပြီးရင်ညာဘက် အောက်နားက Show all downloads ကိုသွားနှိပ်လိုက်ရင် 

Downloads တွေရဲ့ မူရင်းလင့်အမှန်ကိုတွေ့ရပါလိမ့်မယ်။ 






အဲဒီလင့်ပေါ် Right-Click ပေးပြီး Download with IDM ဆိုတာ ရွေးပေးလိုက်တဲ့အခါမှာတော့ 


IDM ပေါ်လာပြီးဒေါင်းလို့ရသွားပါပြီခင်ဗျာ...။




အထက်ပါနည်းတွေကိုသိသွားရင် Box.com, Droup box တို့မှမဟုတ်၊ အခြား IDM Support 


မလုပ်ဘူးဆိုတဲ့ ဘယ် လင့်တွေမှာမဆို IDM နဲ့ အလွယ်တကူ ဒေါင်းခွင့် ရရှိကြမှာပါ။

အားလုံးပဲစမ်းကြည့်လိုက်ကြပါ။ အဆင်ပြေပါလိမ့်မယ်လို့ရဲရဲကြီးအာမခံပါတယ်။



အားလုံးကိုတစ်ခု အကြံပြုချင်တာက ကိုယ်က Software တစ်ခုအသုံးပြုလို့ အဲဒီကောင်လေးက  


ကိုယ့်အတွက်စိတ်ကျေနပ်စရာပေးပြီဆိုရင် သူမှာပါတဲ့ Tools တွေ၊ Settings & Options တွေနဲ့ သူနဲ့ 

ပက်သတ်တဲ့ Plug-in တွေကိုလည်းနားလည်အောင် လေ့လာကြပါဗျာ...။ ဒါမှကိုယ်နှစ်သက်တဲ့   

Software လေးကို စိတ်တိုင်းကျလိုသလို အမြဲအသုံးပြုနိုင်ကြမှာပါ။

စာကလည်းရှည်သွားပြီးဆိုတော့ အားလုံးပဲ အဆင်ပြေပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်လေးကို 


အဆုံးသတ်လိုက်ပါရစေဗျာ....။


*** နောက်များမှာလည်း Browser တွေကို စိတ်ကြိုက်ခြယ်လှယ်အသုံးပြုနည်းများနဲ့ IDM ကို  Queue 


နည်းတွေနဲ့ Download ဆွဲနည်းများတင်ပြပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးကြပါအုံး..။ 

အဆင်မပြေတာလေးတွေကိုလည်း Comment နဲ့ C-Box လေးများမှာလည်း 

အော်သွားပေးကြပါအုံးဗျို့....။***


Download: 

               FlashGot.xpi

               IDM Every Latest Version & Patcher

               Firefox Nightly Every Latest Version

               Chrome Offline Installer Every Latest Version
 


No comments:

Post a Comment

Related Posts

Related Posts Plugin for WordPress, Blogger...